တောင်ကြီး နိုဝင်ဘာ ၁၉
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အဆင့်မြင့်ပညာရေးဦးစီးဌာန၊ လားရှိုးတက္ကသိုလ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်ကျောင်းများအတွင်း ကျောင်းများ၏ အဆောက်အဦပြုပြင်နေမှုကို နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီ က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကျောင်းဆောင်များ အမိုး၊ မျက်နှာကြက်၊ ရေလိုင်း၊ မီးလိုင်း၊ ပြတင်းတံခါး၊ မှန်၊ ဆေးသုတ်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လားရှိုးတက္ကသိုလ် ဒုတိယပါမောက္ခ ဒေါက်တာဌေးလွင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမိုး၊ မျက်နှာကြက်၊ ရေလိုင်း၊ မီးလိုင်း၊ ပြတင်းတံခါး၊ မှန်၊ ဆေးသုတ်ပြုပြင်ဆောင် ရွက်ရာတွင် အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန်လားရှိုးတက္ကသိုလ်နှင့်လားရှိုးပညာရေးဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်တော့မည့်ဖြစ်မည်အတွက် သတ်မှတ်ကာလအတွင်း ပြီးစီးစေလိုကြောင်း၊ ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်းအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့ မြို့တော်ခန်းမပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား လားရှိုးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့ကမြို့တော်ခန်းမပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို မြေပုံကာချပ်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အချိန်မီပြီးစီးရေး၊လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရန် မြို့တော်ခန်းမပတ်ဝန်းကျင်များ သန့်ရှင်းရေးဆောင်ရွက်ရန် ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)