ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာ‌‌ဆိုတော်နေ့အထိမ်းအမှတ် စုပေါင်းစာအုပ်လှူဒါန်းပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာ‌‌ဆိုတော်နေ့အထိမ်းအမှတ် စုပေါင်းစာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်ဖြိုးမြတ်နှင့် နေပြည်‌တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ‌ ဒေါ်သင်းသင်းဇင်တို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ စာအုပ်လှူဒါန်းပွဲကို ကျင်းပရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်ဖြိုးမြတ်က နေပြည်တော်အတွင်းရှိ စာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ် စုစုပေါင်း ၄၈၈ အုပ်အား ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်း‌ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးတို့က အသီးသီးလက်ခံရယူခဲ့ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရရှိသည့် သုတ၊ ရသ စာအုပ်များကို နေပြည်‌တော် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် နေပြည်တော်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်များသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)