တန့်ယန်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ - ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ ပြင်ပရောက်မဲဆန္ဒရှင်များ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေး ကြိုတင်မဲပေးနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုဖြင့် အထောက်အကူပြုရုံးအဖွဲ့များ ယနေ့နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်နေကြသည်။
အဆိုပါပူးပေါင်းဆောင်ရွက်နေမှုတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် အထောက်အကူပြုရုံးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်နေကြကြောင်း သိရသည်။
မင်းလွင်ဦး