ကျေးသီး နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးသီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျေးသီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဥ်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များ ပြောကြားပြီး လူငယ်များအနေဖြင့် အနာဂတ်တွင်အောင်မြင်သောလူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသော စာပေနှင့်အသိပညာ ဗဟုသုတများ ဆည်းပူးလေ့လာရန် လိုအပ်ကြောင်း၊ စာပေများကို ဖတ်ရှု့လေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူအချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြောပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဥ်က လူငယ်စကားဝိုင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)မှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် Grade-8 ကျောင်းသူ မနန်းနွန်းမိုက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-8 ကျောင်းသူ မနန်းမွမ်းဟွမ်ခမ်းက လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-8ကျောင်းသားစိုင်းသက်ပိုင်ဖြိုးက လူငယ်နှင့် ရည်မှန်းချက်၊ Grade-8 ကျောင်းသား စိုင်းချစ်ရင်ထူးက လူငယ်နှင့်မူးယစ်ဆေး၊ Grade-8 ကျောင်းသူ မနန်းရွက်လျိုးလောင်က လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)