ဗဟန်း နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့(MORS)နှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)တို့၏ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းကရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပခဲ့သည်။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်၊ ဦးဗိုလ်ဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးကျော်ကျော်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်ဦးအောင်နိုင်၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးဘက်စုံအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးလျန်ကျင့်မန်၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Dr.ကျော်ကျော်အောင်၊ မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းထိုက်လွင်၊ မြန်မာနိုင်ငံအာမခံအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးမင်းစွာ၊ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး၊ ဒုတိယရဲမှူးကြီး မင်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူ များကယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး ဌာနဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် အခမ်းအနားဒုတိယအပိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် “ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးချိန်ခါမရွေးဆောင်ရွက်ပေး” ကာတွန်း၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲတွင် ယှဉ်ပြိုင်ရေးဆွဲခဲ့သောကျောင်းသူ/ကျောင်းသား ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ အထက်တန်းအဆင့် ကာတွန်း (ပထမ/ဒုတိယ/တတိယ) ဆုရရှိသူများ၊ အလယ်တန်းအဆင့် ကာတွန်း (ပထမ/ဒုတိယ/တတိယ)ဆုရရှိသူများ၊ မူလတန်းအဆင့် ကာတွန်း (ပထမ/ဒုတိယ/တတိယ) ဆုရရှိသူများ၊ အထက်တန်းအဆင့်ပန်းချီ (ပထမ/ဒုတိယ/ယ) ဆုရရှိသူ များ၊ အလယ်တန်းအဆင့် ပန်းချီ (ပထမ/ဒုတိယ/တတိယ) ဆုရရှိသူများ၊မူလတန်းအဆင့်ပန်းချီ (ပထမ/ဒုတိယ/တတိယ) ဆုရရှိသူများ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်း (၅)ဦး ယာဉ်ကြောပိတ်ဆို့တတ်သော နေရာများတွင် ချိန်ခါမရွေး စေတနာရှေ့ထားကာ လမ်းရှင်းပေးခဲ့သောပရဟိတ ဆောင်ရွက်သူ (၄)ဦး၊၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အတွင်း ယာဉ်မတော်တဆမှုကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ(၁၀)ဦးနှင်ထောက်ပံ့ငွေများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများက “MYANMAR CARS AND SPAREPARTS EXPO 2025” ပြပွဲအားလှည့်လည် ကြည့်ရှုခဲ့ကြသည်။
ထိုနောက်အလက (၁) ဒဂုံမှ ကျောင်းသူ၊ ကျောင်းသားများက ယာဉ်စည်းကမ်းပညာပေး သီချင်းဖြင့် ဖျော်ဖြေခြင်း၊ အ-ထ-က (၂)လသာမှကျောင်းသူ၊ ကျောင်းသားများက ယာဉ်စည်းကမ်း ပညာပေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊“ပျောက်ဆုံးသွားသောအိပ်မက်” Road Safety ပညာပေး ဇာတ်ကားပြသခြင်း၊ MORS ဥက္ကဋ္ဌနှင့် MYACSAA ဥက္ကဋ္ဌ၊ MIA ဥက္ကဋ္ဌ တို့က MOU လက်မှတ်ရေးထိုးခြင်းနှင့် အလှူငွေပေးအပ်ခြင်း၊ QR စနစ်ဖြင့် ယာဉ်စည်းကမ်းမေးခွန်း (၅၀)ကို ဖြေကြားရာတွင်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် အ-ထ-က(၂)လမ်းမတော်မှ ကျောင်းသူ၊ကျောင်းသားများက ယာဉ်စည်းကမ်း ပညာပေးသီချင်းဖြင့် ဖျော်ဖြေကြပြီး ယာဉ်စည်းကမ်းပညာပေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ကြသော ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုပန်းခြင်း၊ ဆုငွေချီးမြှင့်ခြင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)