ဒဂုံမြောက် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အမှတ် (၄၆) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ဒုရဲအုပ်ဝင်းမာသန်းက လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းရင်းများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ဒုရဲမှူး ညီညီဌေးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
အခမ်းနားတွင် ဒုရဲမှူး ဦးညီညီဌေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေခြည်ကျော်