ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ် 

ဒဂုံမြောက် နိုဝင်ဘာ ၁၉

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါမဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၈၂)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၁၈) ရက်နေ့မှ နိုဝင်ဘာ (၁၉) ရက်‌ နေ့အထိဖြစ်သည်။ ဒုတိယအသုတ်သင်တန်းကို နိုဝင်ဘာ (၂) ရက်နေ့တွင် ဆက်လက် ဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ရီ