အင်းစိန်မြို့နယ်တွင် စာကြည့်တိုက်စီမံခန့်ခွဲရေးသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

အင်းစိန် နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Centre) ခန်းမ၌ စာကြည့်တိုက်စီမံခန့်ခွဲရေး သင်တန်း(၁/၂၀၂၅) ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဒေါ်မေသန္တာက အမှာစကား​ပြောကြားခဲ့ပြီး သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထိုစာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးသင်တန်းတွင်  လက်ထောက်ညွှန်ကြားမှူး ဒေါ်မေသန္တာက စာကြည့်တိုက်စီမံခန့်ခွဲရေးနှင့် ကတ်တလောက်ရေးသားနည်း၊ ရွှေပြည်သာမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက စာစု၊စာပြု၊စာငှားလုပ်ငန်း၊  တိုက်ကြီးမြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က မျိုးတူစုပြုစုခြင်းနှင့် DLMS စာရင်းသွင်းခြင်းလုပ်ငန်ကို ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်တို့က သင်ကြားပို့ချ‌ပေးမည်ဖြစ်သည်။ 

အဆိုပါသင်တန်းကို နိုဝင်ဘာလ (၁၈) ရက်နေ့မှ နိုဝင်ဘာလ (၂၀) ရက်ထိ (၃)ရက်ကြာဖွင့်လှစ်မှာဖြစ်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား/သူ ၀န်ထမ်း (၁၃) ဦးတို့ တက်ရောက်ခဲ့ပြီး စာတွေ့လက်တွေ့သင်သွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းလင်းကျော်