အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ရန်ကုန် နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲမှူးရုံးမှ ဦးဆောင်၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၁၈) ရက်နေ့က ကမ်းနားအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဟိန်းနှင့် အင်းစိန့်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်အေးတို့က တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများအား မှုခင်းကျဆင်းရေးအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြပြီး မှုခင်းကျဆင်းရေး အသိပညာ‌ပေးလက်ကမ်းစာဆောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲသို့ ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများ၊  ရပ်ကွက်နေပြည်သူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)