တောင်ကြီး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍ တောင်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဇလဲ)တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်ကျော်ဦးက သစ်တောထိန်းသိမ်းရေး သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ တောင်ကြီးခရိုင် သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးသူရထိုက်အောင်က တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့သည်။
အဆိုပါဟောပြောပွဲသို့ တောင်ကြီးခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၈)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ဇလဲ)မှ ဆရာဆရာမ((၈)ဦး၊ Great (10)၊(11)(12)အတန်းများမှ ကျောင်းသား(၆၇)ဦး၊ ကျောင်းသူ(၇၈)ဦး၊ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)