လဲချားမြို့နယ်တွင် တက္ကသိုလ်တက်မည့်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

လဲချား နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် တက္ကသိုလ်တက်မည့်ကျောင်းသား၊ကျောင်းသူများမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအသီးသီးတွင် နိုဝင်ဘာ ၁၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများက ကြိုတင်ဆန္ဒမဲပေးမည့် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများအား ပုံစံ(၁၃)ဖြင့် ဖောင်ဖြည့်ရေးသွင်းပြီး လျှို့ဝှက်မဲပုံးတွင် မိမိတို့ကြိုက်နှစ်သက်ရာပါတီများအား ဆန္ဒမဲပေးခြင်းကို ပါတီကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ဆောင်ရွက်စေခဲ့ရာ စာရင်းရှိ (၂၄)ဦးတွင် (၂၁)ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)