သန်လျင်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

သန်လျင် နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖြူညွန့်က မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ သင်တန်းမှပို့ချချက်များအား သေချာမှတ်သား၍ မိမိတာဝန်ကျမဲရုံများတွင် စနစ်တကျ ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။ ထို့နောက် သန်လျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်က သင်တန်းဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၂၇)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ(၁၈)ရက်အထိ ဖြစ်သည်။ ဒုတိယအသုတ်သင်တန်းကို နိုဝင်ဘာ (၁၉)ရက်တွင် ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 ဖြိုးသီဟ(သန်လျင်)