မဟာအောင်မြေ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်ရှိ မန်းမြို့ဈေးအတွင်း စျေးမီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်၀င်းထွန်း ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များ၊ စျေးအမှုဆောင်များ၊ မြို့နယ်စျေးကော်မတီအဖွဲ့၀င်များ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် စျေးမီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း