မိုင်းဖြတ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့က ဆိုက်ခေါင်ကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သစ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြင့်ဌေး သဘာဝပတ်ဝန်စိမ်းလန်းစိုပြေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ တောမီးလောင်ခြင်းသည် သစ်တောသစ်ပင်များကို ပျက်စီးဆုံးရှုံးစေသည့်အပြင် တောမီးလောင်ခြင်းကြောင့် မီးခိုးမြူငွေ့များဖြစ်ပေါ်သည့်အတွက် လူတို့၏ ကျန်းမာရေးထိခိုက်သည့် အခြေအနေများ၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဘိနယ်တာဝန်ခံ ဦးဝင်းအောင်၊ တောအုပ်မှ သစ်တောထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျေးရွာနေ ပြည်သူများက သိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ရာမြို့နယ် သစ်တောဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)