ကျောက်တံတား နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်နီနီစိုးက အမှာစကားပြောကြားပြီးနောက် အတွင်းရေးမှူး ဒေါ်မေဖူးမြင့်ခိုင်က ဒုတိယအကြိမ်မဲစာရင်းများကြေညာနိုင်ရေး၊ ကြိုတင်ဆန္ဒမဲများပေးနိုင်ရေးနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးတင်ပြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)