မိုင်းနောင် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် အ.ထ.က မိုင်းနောင်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ် စာစောင်များကို ယနေ့နံနက် (၁၀) နာရီက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်မားလာစေရန်၊ စာအုပ်၊ စာစောင်များ ဖတ်ရှုလေ့လာခြင်းမှ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် ပြင်ပဗဟုသုတများရရှိစေရန်၊ အားလပ်ချိန်များတွင် စာအုပ်၊ စာစောင်များဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း အ.ထ.က မိုင်းနောင်ကျောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)