ရွှေပြည်သာမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များလုပ်ငန်း လမ်းညွှန်သင်တန်း ဖွင့်လှစ်

ရွှေပြည်သာ နိုဝင်ဘာ ၁၇

ရွှေပြည်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးဖွင့်လှစ်သော မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များလုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၇) ရက်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံမြင့်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံးမှူး၊ မဲရုံအဖွဲ့ဝင်များအား သင်တန်းအမှတ်စဉ် (၃) ခုခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူး မဲရုံအဖွဲ့များ (၁၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မဲရုံမှူး၊ ဒုမဲရုံမှူး၊ ‌မဲရုံအဖွဲ့ဝင်သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)