ကော့မှူးတွင် မိုးစပါးရာသီတွင်စိုက်ပျိုးခဲ့‌သော စံကွက်ရိတ်သိမ်းပွဲနှင့် တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ

ကော့မှူး နိုဝင်ဘာ ‌၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကမာကနီးကျေးရွာအုပ်စု ကွင်းအမှတ် (၅၁၃)၊ ဦးပိုင်အမှတ် (၁၂/)ဧရိယာ(၂၂.၄၄)အတွင်း တောင်သူ ဦးသောင်းဌေးမှ ၂၀၂၅-၂၀၂၆ခုနှစ်မိုးစပါးရာသီတွင်စိုက်ပျိုးခဲ့သော ငစိန်စပါးမျိုးကောင်းကိုယ်စားပြုစံကွက်အား (၆.)ပေစံကွက်ဖြင့် ရိတ်သိမ်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။         

အဆိုပါရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်းများဆောင်ရွက်ခဲ့ရာ ရိတ်သိမ်းရရှိသည့် စပါးအထွက်နှုန်းမှာ  အစိုအထွက်နှုန်း(၇၉.၅၆)တင်း၊ အခြောက်အထွက်နှန်း (၇၃.၂၆)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကမာကနီးကျေးရွာအုပ်စုရှိ သုခသီတာဓမ္မာရုံတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုး ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက (ကမာကနီး၊ ကျူတောချောင်၊ ကျုံဒရယ်၊ သခွတ်ပင်၊ ဆားတိုင်မွှတ်၊ ခရိုက္ခနိ၊ သရက်တော၊ တာတိုက်၊ သမင်ခြံ၊ ထန်းတပင်၊ ပျားမွှတ်၊ဘို့ဒင်)ကျေးရွာအုပ်စုရှိ တောင်သူများနှင့်တွေ့ဆုံ၍​နေကြာလျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရန်၊ နွေစပါးစိုက် ဧကအားလုံး Seeder ဖြင့် စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးကြရန်၊ မြေသြဇာများ အချိန်ကိုက်အချိုးကျသုံးစွဲရေး၊  မြေဆီလွှာတိုးတက်ကောင်းမွန်စေရေးအတွက် ပိုက်ဆံလျှော်များ အစားထိုးစိုက်ပျိုးရေး၊  ကုမ္ပဏီမှ မိုးစပါးအတွက် အကြွေးစနစ်ဖြင့် ဖြန့်ဖြူးထားသော မြေသြဇာဖိုးငွေများ အချိန်မီပေးသွင်းနိုင်ရေးနှင့် စနစ်တကျစိုက်ပျိုးရေးနည်းစနစ်များအား  ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်သူရ(ပြန်/ဆက်)