မှော်ဘီ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မှော်ဘီမြို့ ညောင်နှစ်ပင် စက်မှု၊စိုက်ပျိုးမွေး မြူရေးအထက်တန်းကျောင်း(သီရိဆောင်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပရအခြင်း၏ ရည်ရွယ်ချက်များနှင့် ဘဝတိုးတက်အောင်မြင်ရေးနည်းလမ်းကောင်းများကိုလည်းကောင်း မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်းစာရေးဆရာ(မောချိုဝေ)က “အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာ" များကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာဦးထွန်းအောင်ရင်မှ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေးရှင်းလင်းဟောပြောကာ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာမ ဒေါ်လဲ့လဲ့ရီက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ဆရာမ ဒေါ်လဲ့လဲ့ရီတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း (Grade-10)စက်မှုမှ မောင်ထူးသက်နောင်က လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Grade-10) စက်မှုမှ မသဉ္ဇာက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10) စက်မှုမှ မောင်သက်ထွန်းနိုင်က လူငယ်နှင့်မှုးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10)စက်မှုမှ မသဲအိသဇင်ပိုက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြသူများနှင့် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
လူငယ်စကားဝိုင်းတွင် ဆွေးနွေးဟောပြောခဲ့သော ကျောင်သား/ကျောင်းသူများအား မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်း(မောင်ချိုဝေ)က ဂုဏ်ပြုဆုငွေများနှင့် သုတစာအုပ်များ လက်ဆောင်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးစန်းဝင်းက ထပ်ဆင့်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဆရာ/ဆရာများနှင့် ဖိတ်ကြားထားသောတာဝန်ရှိသူများက ပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသော ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြထားသည့် မြို့နယ်လှုပ်ရှားမှုမှတ်တမ်းနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ရသစာအုပ် စာစောင်ပြပွဲများအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝင်းဇော် မြို့နယ်ပြန်ဆက်