တွံတေး နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စုတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက် စံပြစိုက်ခင်းရိတ်သိမ်းခြင်း၊ နေကြာမျိုးစေ့များ၊ ဓါတ်မြေသြဇာများနှင့်တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ကုလားတန်းကျေးရွာကွင်းအမှတ်(၁၂၄-အေ) ဦးပိုင်အမှတ် (CN/၈)ရှိတောင်သူ ဦးအောင်မြင့်စိန် လယ်ယာမြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက အသစ်ထုတ်လုပ်သည့် စပါးတိုက်ရိုက်အစေ့ချကိရိယာ Seederဖြင့် စိုက်ပျိုးခြင်းအားရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တွံတေးမြို့နယ်အတွင်းရှိ နေကြာစံပြကွက်စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့များ၊ ဓါတ်မြေသြဇာများနှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့်တာဝန်ရှိသူများကပေးအပ်ရာ စံပြကွက်စိုက်ပျိုးမည့် တောင်သူများက လက်ခံရယူကြသည်။
ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်း ဦးဆောင်၍ တိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder များ၏ ကြံ့ခိုင်မှုနှင့်အသုံးပြုနည်းလမ်းများအား လက်တွေ့ရှင်းလင်းပြသကြကြောင်းသိရသည်။ ဆက်လက်၍ ကုလားတန်းကျေးရွာအုပ်စု တောင်သူ ဦးအောင်မြင်စိန်၏ လယ်မြေတွင် မိုးစပါးစံကွက်ရိတ်သိမ်းမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ကွင်းဝန်ထမ်းများ၊ တောင်သူများက မိုးစပါးဆင်းသုခစံကွက်ကို ရိတ်သိမ်းခြွေလှေ့မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး