သုံးခွ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မြို့နယ်အဆင့်အလယ်တန်းဆင့် မူလတန်းဆင့် သင်ကြားသင်ယူမှု အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က ၁ ပုလဲရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်းဌေးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အရည်အသွေးမြှင့်ဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ပညာရေးဆိုင်ရာအချက်အလက်များနှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ၁၄-၁၁-၂၀၂၅ ရက်နေ့မှ ၁၆-၁၁-၂၀၂၅ရက်နေ့အထိ သင်ကြားပို့ချမှာဖြစ်ပြီး အလယ်တန်းဆင့် ဆရာ ဆရာမ (၁၇၄) ဦးအား နည်းပြ(၇)ဦးမှ လည်းကောင်း၊ မူလတန်းဆင့် ဆရာ ဆရာမ(၅၄၅)ဦးအား နည်းပြ(၃၆)ဦးတို့က နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)