လှိုင်သာယာ(အနောက်) နိုဝင်ဘာ ၁၄
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် စေခိုင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ရုံးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဦးအောင်လွင်က အဆိုးဝါဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအကြောင်းအရာများကို ရှင်းလင်း အသိပညာပေးဟောပြောသည်။
ယင်းနောက် မြို့နယ်ဥပဒေ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တို့မှ သက်ဆိုင်ရာအကြောင်းအရာများကို အသီးသီးအသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)