မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြော

မြောက်ဥက္ကလာပ နို၀င်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာ‌ပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း‌‌‌‌‌‌‌ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်ပညာရေးမှူး ဒေါ်မို့မို့အောင်က အမှာစကားပြောကြားပြီး မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးက မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရန်များ၊ မီးလောင်မှုဖြစ်ပွားနေစဉ်ရှောင်ရှားသင့်သည့်အချက်များနှင့် လိုက်နာရန်အချက်များ၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးသတ်ဥပဒများ၊ နည်းပဒေများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများစသည့် အကြောင်းအရာများအား အသိပေးဟောပြောပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့၀င်များက ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့်ပစ္စည်းကိရိယာများအကြောင်း လက်တွေ့ပြသ‌ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိန်လွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပေးပညာပေး ဆက်လက်ဟောပြောပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးစည်သူမျိုးနှင့်တပ်ဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိန်လွင်နှင့်တပ်ဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး