​ကျောင်းသား၊ ကျောင်းသူများ အထွေထွေဗဟုသုတ ရရှိနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁၄

ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတရရှိစေရရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများ အသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက် (၉း၀၀) နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အမှတ်(၁၅)အခြေခံပညာကျောင်း (ဖိုးရာဇာ)ခန်းမ၌​ပြုလုပ်ရာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန် /ဆက်ဦးစီးအရာရှိ ဦး​မြင့်ဇော်၊ အ.ထ.က (၁၅) ကျောင်းအုပ်ဆရာကြီးကိုယ်စား တာဝန်ခံဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ စာ​ရေးဆရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်က အထွေထွေဗဟုသုတ သိကောင်းစရာများနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် Book Club အသင်းဥက္ကဋ္ဌ ကဗျာဆရာ ဦးစိုးမိုးသိမ်းက ''အဓိပ္ပါယ်ရှိသောလူ'' ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခြင်း၊ ကဗျာဆရာ မုန်းမာန်ခ(ဧရာဝတီ)က “စက္ကန့်အတိုအစ​​လေးမှဘဝသို့” ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပေးကြပြီး ကျောင်းအုပ်ဆရာကြီး  ကိုယ်စားတာဝန်ခံဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် အသိပညာပေး ပြောကြားကြသည့် စာရေးဆရာများ၏ မှတ်သားစရာများကို ပြန်/ဆက်ဦးစီးအရာရှိ ဦးမြင့်ဇော်က ပြန်လည်မေးမြန်းကာ ပြန်လည်ဖြေကြားနိုင်သော ကျောင်းသား / ကျောင်းသူများအား ဗလာစာအုပ်များနှင့် ဘောပင်များ ချီးမြှင့်ပေးကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အတွက် အသိပညာဗဟုသုတ ရရှိစေမည့် နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)