မိုင်းရယ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ ၆ မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း ပြုပြင်ထိန်းသိမ်းနေမှုများအား ယမန်နေ့နေ့လယ် (၁)နာရီ က ကြည့်ရှုစစ်ဆေးသည်။
လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း၏ မိုင် 59/0-60/0 အတွင်း နှင့် မိုင် 61/0-61/3 အတွင်း ကတ္တရာလမ်းပျက်စီးမှုအား ပြုပြင်ရန် အခြေခံလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး မှုအခြေအနေနှင့် သတ်မှတ်လမ်းသားအကျယ်ရရှိရန် လမ်းတာဘောင်ချဲ့၍ ရေစီးရေလာ ကောင်းမွန်စေရန် လမ်းဘေးဝဲယာ ရေမြောင်းတူးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အား တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြည်ရှု စစ်ဆေးခဲ့ရာ လမ်းဉီးစီးဌာန၊ လမ်းအထူး-၆အဖွဲ့ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မြင့်မြင့်သန်းက ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
မိုင်းရယ်ပြန်/ဆက်