မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူရည်ချွန်လူရွေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရေး သရုပ်ပြရှင်းလင်းပွဲပြုလုပ်

မြောက်ဥက္ကလာပ နို၀င်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း လူရည်ချွန်လူရွေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရေး သရုပ်ပြရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်ပညာရေးမှူး ဒေါ်မို့မို့အောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး နှင့်ကာယဆရာ/မများမှ လူရည်ချွန်လူရွေးပွဲနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရေးအတွက် ကျောင်းအုပ်ကြီးများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများအား သရုပ်ပြရှင်းလင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလူရည်ချွန်လူရွေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရေး သရုပ်ပြရှင်းလင်းပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့အောင်၊ မြို့နယ်အားကစားမှူး၊ ကာယဆရာ/မများ၊ ကျောင်းအုပ်ကြီးများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး