ဗိုလ်တထောင်မြို့နယ်၌ ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

ဗိုလ်တထောင် နိုဝင်ဘာ ၁၄

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၁ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်မြို့နယ်မှူးနှင့်တိုက်နယ်မှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှတာဝန်ရှိသူများ၊ ဗိုလ်တထောင်မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များမှ တာဝန်ရှိသူများက မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ခင်ဝင်း