ကျိုင်းတုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)၌ လူငယ်စကားဝိုင်းကျင်းပ

ကျိုင်းတုံ        နိုဝင်ဘာ    ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၁၃ ရက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ယန်းလူး)တွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် အထက(ယန်းလူး)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းတို့က  နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်း ရတနာများဖြစ်သည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍  လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားကြပြီး ကျောင်းသား၊ ကျောင်းသူများက  လူငယ်နှင့် စာပေ၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းတက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းအတွင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ များအား ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)

ဖုန်း ၀၉၂၆၂၇၇၃၈၃၉၀