ခေါင်လန်ဖူး နိုဝင်ဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ခေါင်လန်ဖူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၁၆ နှင့် နည်းဥပဒေ ၈ (ခ)နှင့် အညီ မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို နိုဝင်ဘာ (၁၁) ရက်နေ့ ခေါင်လန်ဖူးမြို့နယ်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မဲစာရင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခေါင်ဆင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဦးသိန်းတန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနန်ဇေ့ဖုန်ဂါရမ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ မြို့နယ်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များစုစုပေါင်း (၁၀၈) ဦးခန့် ပူးပေါင်းပါဝင်စိစစ်ခဲ့ကြောင်းနှင့် မဲစာရင်းများစိစစ်ရခြင်းမှာ ဒုတိယအကြိမ်မဲစာရင်း ကြေညာနိုင်ရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)