နောင်မွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန် စေရေး စိစစ်ဆောင်ရွက်လျက်ရှိ

နောင်မွန်း     နိုဝင်ဘာ    ၁၃

ကချင်ပြည်နယ်၊ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်‌ ရွေးကောက်ပွဲ‌ ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန်စေရေး တွေ့ဆုံဆွေးနွေးစီစစ်လျက်ရှိရာတွင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲများပူးပေါင်းပါဝင်၍  ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် စိစစ်နိုင်ရေး အတွက်  ပထမအကြိမ် ကပ်ထားကြေညာခဲ့သည့် မဲဆန္ဒရှင်စာရင်း မိတ္တူ၊ ပြင်ဆင်/ဖြည့်စွက်/ ပယ်ဖျက် လျှောက်ထားတင်ပြထားရှိမှု စာရင်း၊ ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်း မူကြမ်းများနှင့် တိုက်ဆိုင်စိစစ်ခြင်းများကို ပူးပေါင်းဆောင် ရွက်ခဲ့ကြသည်။

နောင်မွန်းမြို့နယ်တွင် ၄၈၇၇ဦးတို့ကို ပထမအကြိမ်မဲဆန္ဒရှင်အမည်စာရင်း‌ ကြေညာခဲ့ရာ ပုံစံ(၃)ဖြင့်(၃၁၁)ဦး၊ ပုံစံ(၃-က)ဖြင့်(၉၃)ဦး၊ ပုံစံ(၄)ဖြင့်(၂၉၀) နှင့် ပုံစံ(၄-ဂ)ဖြင့်(၁၇၄)ဦးတို့‌ လျှောက်လွှာတင်ခဲ့ကြပြီး ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်းမှန် ကန်‌စေရေးစီစစ်ခြင်းလုပ်ငန်းများနှင့် မူကြမ်းနှင့်တိုက်ဆိုင်စစ်‌ ဆေးခြင်းများကို နိုဝင်ဘာ ၈ရက်မှ နိုဝင်ဘာလ ၁၁ရက်နေ့အထိ ၄ရက်ကြာ စီစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)