မချမ်းဘော၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက်

မချမ်းဘော နိုဝင်ဘာ ၁၃

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးခွင့်အပြည့်အဝရရှိစေရန် မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး ကြိုတင်စစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌  ဆောင်ရွက်ခဲ့သည်။

အဆိုပါ မဲစာရင်းကြိုတင်စစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအဂျွန်ရှင်းနှင့် အဖွဲ့ဝင်များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်လင်းထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိဦးမိုးအောင်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဦးရယ်ဒမ်းဝမ်ယောဆက်နှင့်ပါတီအဖွဲ့ဝင်များ၊ကချင်ပြည်နယ်ပြည်သူ့ပါတီဦးငွားရဲ့ဆဲ၊လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဦးငွားအားဖူနှင့် ရပ်ကွက်ကျေးရွာအုပ်စု(၁၅)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးများ စုစုပေါင်း (၂၅) ဦးတို့က မဲဆန္ဒရှင်လူဦးရေစာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး အချက်အလက်တိုက်ဆိုင်စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)