ပူတာအိုမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

ပူတာအို နိုဝင်ဘာ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းကို နိုဝင်ဘာ(၁၁)ရက် နံနက်(၁၀)နာရီခွဲက ပူတာအိုခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ရုံး  အစည်းအဝေးခန်းမတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်း ပူးပေါင်းစိစစ်ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်း၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးကျော်ကျော်လွင် တို့က မဲဆန္ဒရှင်စာရင်းများ မှန်ကန်လာစေရေးအတွက် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ မဲစာရင်းကြေညာမည့်ရက်မတိုင်မီ အချိန်မီပြီးစီးရေးကြိုးစားဆောင်ရွက်ကြရန်နှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှုမရှိစေရေး အလေးထား ဆောင်ရွက်ကြရေးတို့ကိုဆွေးနွေးပြောကြားသည်။  

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှတာ ဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ ပူးပေါင်းမှုဖြင့် ပူတာအိုမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၄)အုပ်စု၏ မဲစာရင်းများ စိစစ်ခြင်းလုပ်ငန်းဆောင် ရွက်နေမှုများကိုကြည့်ရှုအားပေးကြသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းလုပ်ငန်းအား နိုဝင်ဘာ(၈)ရက်မှ(၁၁)ရက်နေ့အထိ မဲစာရင်းများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စိစစ်ထားသည့် မဲစာရင်းများကို နိုဝင်ဘာ(၁၅)ရက်မှ (၂၈)ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများရုံးတွင် ဒုတိယအကြိမ်ကပ်ထားကြေညာသွားမည်ဖြစ် ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)