ရမည်းသင်းမြို့နယ် အထက(၁)ကျောင်း၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း နိုဝင်ဘာ  ၁၃

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အထက(၁)ရမည်းသင်းတို့ပူးပေါင်း၍ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  အဆိုပါကျောင်း၌ ပြုလုပ်သည်။

ဦးစွာကျောင်းအုပ်ဆရာကြီးက ဦးအောင်အောင်ဦးက အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ပြိုင်ပွဲများပြုလုပ်ခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုစာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲမူလတန်း(ထက်ဆင့်)နှင့်ကဗျာရွတ်ဆိုပြိုင်ပွဲ(အောက်ဆင့်) ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို သတင်းစကားလက်ကမ်းစာ​စောင်ကိုဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်