ကျေးသီး နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများပူးပေါင်း၍ ကျေးသီးမြို့နယ်အတွင်းရှိ ရပ်ကွကရပ်ကွက်၊ကျေးရွာအုပ်စုများမှ ထောက်ပံ့ငွေရရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်(၁၂၀)ဦး၊ အသက်(၂)နှစ်အောက် ကလေး(၃၉၀)ဦးတို့အတွက် စုစုပေါင်းငွေကျပ် (၄၄၈၃၅၀၀၀/−) ကို နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)