ဒလ နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်မှအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန် တောင်ပိုင်း ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မျိုးထွန်း၊ မြို့နယ်ဥပဒေရုံး ဒုမြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့က အဆိုးရွားဆုံး ပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ပပျောက်ရေးခေါင်းစဥ်ဖြင့် အသီးသီးဟောပြော ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြား ရေးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေရုံး ဒုမြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုဦးစီးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်းအင်အား (၆၀)ဦး ခန့် တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသူများအားအခမဲ့ဖြန့်ဝေပေးခဲ့ပါ သည်။
ရဲရင့်သူ (ပြန်/ဆက်)