ရန်ကုန် နိုဝင်ဘာ ၁၃
(၁ဝ၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊ ၁၀လမ်းနှင့် (၅) ရပ်ကွက်၊ ၁၁လမ်းကွန်ကရိလမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် (၁၀)လမ်းထိပ်တွင်လည်းကောင်း နံနက်(၇)နာရီခွဲတွင် မဟာဗန္ဓုလလမ်းနှင့် (၁၁)လမ်းထိပ်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော် ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားသည် ဆက်လက်၍ ကွန်ကရိလမ်းဖွင့်ပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလင်းခိုင်၊ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဥက္ကာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကွန်ကရိလမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရန်ကုန်မြို့တော်စည်ပင် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ ဆောင်ရွက်ခဲ့သည့် လမ်းအရှည်မှာ ၈၃၀ပေ၊ လမ်း အကျယ်မှာ ၂၄ ပေ၊ ထုမှာ ၆ လက်မဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)