လသာမြို့နယ်တွင် ဆေးဝါးရောင်းချရေး စည်းမျဉ်းစည်းကမ်းများ လိုက်နာမှုအပေါ် စစ်ဆေးရေး ပြုလုပ်

လသာ နို၀င်ဘာ ၁၃

ကျောက်တံတားခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) မှ ဦးစီးအရာရှိ ဒေါက်တာအောင်ကိုကို ဦးဆောင်သောအဖွဲ့နှင့် လသာမြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသုဝေ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်တို့ ဦးဆောင်သောအဖွဲ့ဝင်များ ပူးပေါင်း၍မြို့နယ်အတွင်းရှိ ဆေးဆိုင်များကိုယနေ့နံနက်ပိုင်းအချိန်က လှည့်လည်စစ်ဆေးခဲ့ကြသည်။

အဆိုပါအဖွဲ့သည်  လပြည့်ဝန်းဆေးဆိုင်၊ ဘေးမခဆေးဆိုင်၊ ရွှေအိုးဆေးဆိုင် (အနော်ရထာလမ်းဆိုင်ခွဲ)၊ ဇာမဏီဆေးဆိုင်၊ လသာနိုင်းနိုင်းဆေးဆိုင် နှင့် ဝင်းဇီဝကဆေးဆိုင်တို့တွင် သက်ဆိုင်ရာဆေးဝါးများကို တာဝန်ရှိသူများက ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချနေခြင်းရှိမရှိကို အသေးစိတ် စစ်ဆေးခဲ့ကြပြီးဆေးဝါးသက်တမ်း၊ သိုလှောင်မှုနှင့် မူရင်းအထုပ်အပိုးအခြေအနေများကိုပါ စစ်ဆေးခဲ့ကြသည်။

ထို့နောက် အဖွဲ့ဝင်များက ဆေးဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းနှင့် လိုက်နာရမည့်စည်းကမ်းချက်များအပေါ် သတိပေးညွှန်ကြားခဲ့ကြသည်။ ထို့အပြင် လသာမြို့နယ်အတွင်းရှိ ပြည်သူများအတွက် တရားဝင်၊ လုံခြုံသော ဆေးဝါးအသုံးပြုမှုအခြေအနေများရှိစေရန်အတွက် ဆက်လက်ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နေလင်း