ဒလမြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

ဒလ နိုဝင်ဘာ ၁၃

၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေး ခရိုင်၊  ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက် အ.ထ.က (ခွဲ)  အ.လ.က (၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်သီတာဝင်းမှ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုကြသောကျောင်းသား ကြီး(၁၁)ဦး၏အမည်များ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူကြရန်ဟောပြော​ခဲ့ပြီး "အမျိုးသားအောင်ပွဲနေ့ဖြစ် ပေါ်လာပုံ"ခေါင်းစဥ်ဖြင့် ဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အ.ထ.က (ခွဲ) အ.လ.က (၃) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား (၁၀၅) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြပါသည်။

ရဲရင့်သူ (ပြန်/ဆက်)