ဟိုပုံး နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ယမန်နေ့ည(၈)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာမီးပဒေသာ လှည့်လည်ခြင်းနှင့် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်သည်။ အဆိုပါပွဲတော်တွင် ညမီးကြီး မီးပုံးပျံပြိုင်ပွဲများ လွှတ်တင်ပူဇော်ပြီး ရပ်နီး/ရပ်ဝေးဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးတန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ပြီး နိုဝင်ဘာလ(၁၀)ရက်နေ့မှ နိုဝင်ဘာလ(၁၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)