အမရပူရ နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်ဘိုးကျေးရွာရှိ တောင်သူဒေါ်သီတာအေး၏ ကွင်းအမှတ် ၅၆၇ (က)၊ ဦးပိုင်အမှတ် ၃၄/ ၁၂၀ ရှိ အောင်နိုင်တိုး မိုးစပါး စိုက်ဧကတစ်ဧကပေါ်တွင် ယမန်နေ့ မွန်းလွဲ ၄ နာရီက စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတိဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ စက်မှုလယ်ယာဦးးစီးဌာန၊ ဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်း၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးဇော်ဝင်း၊ မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး ဦးဆယ်တင်၊ ကွင်းတာဝန်ခံ ဦးအောင်မြင့်မိုရ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးလှိုင်၊ ကွင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသောတောင်သူများ တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးလှိုင်က အောင်နိုင်တိုးမိုးစပါး၏ ပန်းတိုင်အထွက်နှုန်းရရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ယခုရိတ်သိမ်းသော အောင်နိုင်တိုးမိုးစံပါးစံကွက်တွင် တစ်ဧက အစိုတင်း ၁၂၀ တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုးသီဟ(အမရ)