ခိုလမ် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညအထက်တန်းကျောင်း၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို နိုင်ဝင်ဘာ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းရှိ မြတ်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ခိုလမ်)၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်က (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး (ဒု-အလယ်တန်းပြ) ဆရာမ ဒေါ်အေးမိစံက အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးတို့၏ အမည်နှင့်ပညာအရည်အချင်းများ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယခုလို အသိပညာပေးခြင်းအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)