မိုင်းရယ် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ ၁၁ ရက်နေ့ နေလယ် ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲအဖွဲ့ခွဲအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်လဝကရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းများတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်းကျန်ရှိမှုမဖြစ်စေရေးတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးနေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များက စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)