ဆီဆိုင် နိုဝင်ဘာလ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အာက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်ခြင်း(MCCT)ကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ထို့ ငွေကြေးထောက်ပံပေးရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ (ဧပြီလ မှ အောက်တိုဘာလ)အထိ MCCT အစီအစဉ်၏ အကျိုးခံစားခွင့်ရှိသည့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၉၅၄)ဦး နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အာက် ကလေးငယ်(၄၇၁) ဦး၊ စုစုပေါင်း (၁၄၂၅)ဦး တို့အတွက် ထောက်ပံ့ကြေးငွေ (၁၂၉၁၃၅၀၀၀) ကျပ် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)