ပင်လောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး ကြိုတင်စိစစ်မှုလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ မဲဆန္ဒရှင်များစာရင်းမှန်ကန်စေရေး ကြိုတင်စာရင်းစိစစ်မှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမတွင် ပြုလုပ်သည်။

မဲဆန္ဒရှင်စာရင်းများစိစစ်မှုလုပ်ငန်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများပူးပေါင်းပြီး မဲဆန္ဒရှင်စာရင်း ကြိုတင်စိစစ်နေမှုများဆောင်ရွက်ကြကြောင်း၊ အဆိုပါ မဲဆန္ဒရှင်စာရင်းစိစစ်မှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးစိုင်းမှိုင်းခမ်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါတီများမှလွတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းစိစစ်မှုများကို တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်