ကလောမြို့နယ်၌ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်

ကလော နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းက ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ရွှေတောကျေးရွာ‌ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်စုစုညိမ်းနှင့်အဖွဲ့ဝင်များ၊ နန်းတိုင်းကျေးလက်ကျန်းမာရေးဌာနနှင့် ရွှေမင်းဖုန်းကျေးလက်ကျန်းမာရေးဌာနခွဲမှဝန်ထမ်းများက ရွှေမင်းဖုန်းကျေးရွာအုပ်စု ရွှေတောကျေးရွာသို့သွားရောက်၍ ကျေးလက်နေပြည်သူ (၁၁၃)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ကျန်းမာရေးပညာပေးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)