ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ညောင်ရွှေ နိုဝင်ဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွိကို နိုဝင်ဘာ (၁၂) ရက် နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန ညောင်ရွှေမြို့နယ်ရုံး ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က အမျိုးသားနေ့အကြောင်း သိကောင်းစရာများနှင့် လူငယ်များနှင့်အမျိုးသားရေး တာဝန်အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ မှတ်တမ်းဗီဒီယိုကိုပြသခဲ့ပြီး မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်၍ ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ အလားတူ ကလေးစာဖတ်ခန်းတွင်လည်း အရုပ်ဆက်ခြင်းနှင့် ကဗျာရွတ်ခြင်းမျာကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ