အလုံ နိုဝင်ဘာ ၁၂
အလုံမြို့နယ် Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ၊ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်များဖြင့်ဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒု-တိုင်းရင်းဆေးမှုး ဒေါ်စန္ဒာအေးက အိမ်သုံးတိုင်းရင်းဆေး၀ါးများအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒု-တိုင်းရင်းဆေးမှုး ဒေါ်စန္ဒာအေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် အမှတ် (၄) အေခြခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ (၃၇)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိ ပညာပေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် ရေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ဟောပြောပွဲသို့အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ကျောင်းသူများ Book Club အဖွဲ့၀င်များ၊ စုစုပေါင်း ၄၀ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ရွှေလုံသား(ပြန်/ဆက်)