ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ

ဟိုပုံး နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ (၁၁) ရက်နေ့ ည(၇)နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာမီးပဒေသာ လှည့်လည်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါပွဲတော်တွင် ညမီးကြီး မီးပုံးပျံပြိုင်ပွဲများ လွှတ်တင်ပူဇော်ပြီး ရပ်နီး/ရပ် ဝေးဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဟိုပုံးတန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ပြီး နိုဝင်ဘာလ(၁၀)ရက်နေ့မှ နိုဝင်ဘာလ(၁၄)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပအိုဝ်း‌ဒေသ(ပြန်/ဆက်)