မိုးနဲ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်း (တုမ်မို) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန် ရှိသူများက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ခွဲ)၊ နားလင်း(တုမ်မို) ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား/သူများ၏ပညာ ရေး၊ စားဝတ်နေရေးအဆင် ပြေစေရန်၊ စာသင်သားများနှင့် စာသင်ကိုယ်တော်များ နေရေး ထိုင်ရေးနှင့်လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ဌာနဆိုင်ရာ ရုံးများမှ လစဥ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဌာနများ စုပေါင်းလှူဒါန်းမှူမှရရှိသောအလှူငွေကျပ် ၅၀၂၅၀၀ကို ပေးအပ်လှူဒါန်းရာ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော် ဘန္ဒန္တမာဃိန္ဒက လက်ခံပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)