မိုင်းရှူး နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မိုင်းရှူးမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇) အုပ်စုမှ ထောက်ပံ့ငွေရရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်(၁၇၆)ဦး၊ အသက်(၂)နှစ် အောက် ကလေး(၃၀၄)ဦး တို့အတွက် စုစုပေါင်းငွေကျပ် (၄၄၉၂၅၀၀၀/−) ကို နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ ဒီဇင်ဘာ(၃၁)ရက်နေ့အထိ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ